Friday, January 16, 2015



ပေါင်ဒါ (Powder)
-------------------
မိတ်ကပ်ကို ကြာရှည်ခံစေတဲ့ အရာဟာ ပေါင်ဒါပါ။ မိတ်ကပ်လိမ်းခြယ်တဲ့နေရာမှာ ပေါင်ဒါမပါရင် တစ်ေ်န့တောင် မခံပါဘူး။ မိတ်ကပ်လိမ်းခြင်းရဲ့ နောက်ဆုံးအဆင့်အနေနဲ့ ပေါင်ဒါ ဖို့လိုက်ခြင်းဟာ အပြီးသတ်ခြင်းပါပဲ။

မျက်နှာလိမ်း ပေါင်ဒါကို ပြောင်းနဲ့ ကံ့ကူကျောက်တို့ကနေ အမှုန့်ကြိတ် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ပုံသဏ္ဍာန်အားဖြင့် အမှုန့်နဲ့ အခဲ နှစ်မျိုးကို ထုတ်လုပ်ထားတာပါ။ မိတ်ကပ် ကြာရှည်ခံဖို့ ပေါင်ဒါမှုန့်က အဓိကဖြစ်ပြီး ပေါင်ဒါခဲထက်လည်း အဆီကို ပိုစုတ်ယူနိုင်ပါတယ်။ အမှုန့်အမျိုးအစားမှာတောင် မှုန့်ညက်နေတဲ့ ပေါင်ဒါက  အကောင်းဆုံးဖြစ်ပြီး အသားပေါ်လိမ်းလိုက်တာနဲ့ စွဲထင်ပြီး စိမ့်ဝင်သွား တာမို့လို့ ကတ္တီပါသားလို နူးညံ့နေစေပါလိမ့်မယ်။ သိပ်မညက်တဲ့ ပေါင်ဒါကတော့ မျက်နှာပေါ်မှာ စလုံးတခု ဖြစ်နေပါလိမ့်မယ်။

မျက်ခုံးမွေး (Eye Brow)
-------------------------
မျက်ခုံးအလှ ခြယ်သရာမှာ သုံးစွဲတဲ့ ပစ္စည်းအမျိုးအစား လေးခုရှိပါတယ်။

ခဲတံ (Pencil)
-------------
သုံးစွဲရာမှာ လွယ်ကူတဲ့အတွက် အများဆုံးအသုံးပြုခြင်းဖြစ်တဲ့အပြင် ခဲတံနှင့်ဆွဲခြယ်တဲ့မျက်ခုံးအလှဟာ ဘယ်အမျိုးအစားနဲ့မှ မတူဘဲ ညီညာလှပနေတာပါ။ ဖယောင်းသားပါတာဖြစ်လို့ မိတ်ဆက်ခြယ်တဲ့ခဲတံတွေနဲ့  စာရင် ဆွဲရပိုမိုချောမွေ့စေပြီး ကြာရှည်လည်းခံပါတယ်။

တခြားမျက်ခုံးဆွဲ ပစ္စည်းတွေထက် ခဲတံကိုပဲ သုံးမယ်ဆိုရင် ချွန်ထားပြီး သုံးရပါမယ်။ ဒီလို ချွန်ထက်ထက်ရှိပါမှ အသုံးပြု လို့ကောင်းပြီး တစ်ချက်တည်း ဆွဲလိုက်တာနဲ့ အဆင်ပြေသွားနိုင်လို့ပဲ ဖြစ်ပါတယ်။




0 comments :

Post a Comment