Friday, January 16, 2015

 
ပေါင်ဒါ (Powder)
မျက်ခုံးမွေးဆွဲရာမှာသုံးတဲ့ ပေါင်ဒါရဲ့ အရောင်ဟာ မတောက်ပဘဲ မှေးမှိန်တဲ့ အရောင်တွေက များပါတယ်။ ဒါပေမယ့် အရောင်ခြယ်သတ္တိကတော့ များတက်ပါတယ်။ ခြယ်သရာမှာလည်း စုတ်တံနဲ့ အသုံးပြုလေ့ရှိပါတယ်။ ခဲတံနဲ့ပဲ ဖြစ်ဖြစ် ခရင်မ်နဲ့ပဲ ဖြစ်ဖြစ် ကြာရှည်ခံအောင် ဆွဲထားပြီးတဲ့နောက် ပေါင်ဒါကို ထပ်သုံးခြင်းကြောင့် ပိုပြီးတော့ ကြာကြာခံပါတယ်။ မျက်ခုံးမွေးဆွဲရာမှာ ပေါင်ဒါကို ဖြည့်စွက်ပြီး လိမ်းခြယ်ခြင်းဟာ သဘာဝအကျဆုံးနဲ့ ဆွဲလို့ ဆွဲထားမှန်းမသိသာပါဘူး။
ခရင်မ် (Crème)
ဆွဲထားမှန်းသိသာရုံမက ကြည့်ရတာလည်း ရင်သပ်ရှုမောဖွယ်ရာ ဖြစ်ပါတယ်။ များသောအားဖြင့် ခရင်မ်ဟာ အရောင်ဖျော့မှိန်ပြီး ခြယ်သရာမှာ စုတ်တံကို အသုံးပြု ရတာ ဖြစ်ပါတယ်။ အဆုံးမှာ ပေါင်ဒါနဲ့ အပြီးသတ် ခြယ်သလိုက်မယ်ဆိုရင် အကောင်းဆုံးနဲ့ တာရှည်ခံပါတယ်။ ဒီလို ဆွဲထားမှန်းသိသာစေတဲ့ မျက်ခုံးမွေးမျိုးဟာ တစ်ခါတစ်ရံမှာ လိုအပ်ပါတယ်
မျက်ခုံးမွေးခြယ် ဂျဲလ် (Brow Gel)
မျက်ခုံးမွေးခြယ် တဲ့ ဂျဲလ် ဟာလည်း ဆံပင်မှာသုံးတဲ့ ဂျဲလ်လိုပါပဲ။ မျက်ခုံးမွေး မညီမညာ ဖြစ်နေသူတွေအတွက် သေသပ်ပိပြားတဲ့ မျက်ခုံးအလှရဖို့ဆိုရင် ဂျဲလ်ကို အသုံးပြုတာ အကောင်းဆုံးပါ။ မျက်ခုံးမွေးခြယ် ဂျဲလ်ဟာ မျက်ခုံးဆွဲ တံ အမျိုးအစားပါပဲ။ မျက်ခုံး အလိုက် သင်ပင်တင်ဆွဲနိုင်တဲ့ ၀က်မှင်ဘီးတပ် စုတ်တံမှာ မျက်ခုံးတောင့်စေတဲ့ ဆေးနဲ့ အလိုက်သင့် ဆွဲပေးခြင်းဖြင့် အမွေးအမျှင်လေးတွေက ဖြောင့်စင်းလှပပြီး ပုံမပျက် ရှိသွားစေပါတယ်။

0 comments :

Post a Comment