မျက်လုံးလိုင်နာ ခြယ်သဖို့ အခြေခံအားဖြင့် လေးမျိုးလေးစား
ရှိပါတယ်။ လိုင်နာဆွဲတဲ့ နည်းအမျိုးမျိုးဟာ ဖက်ရှင် အပြောင်းအလဲနဲ့လည်း သက်ဆိုင်နေတက်ပါတယ်။
လိုင်နာဆွဲခြင်းရဲ့ အခြေခံစိတ်ကူးစိတ်သန်းကလည်း ဘယ်လိုမျက်လုံးပုံသဏ္ဍာန် နဲ့ အရွယ်အစားပဲဖြစ်ဖြစ်
နှစ်မြို့ ဖွယ်ကောင်းအောင် ဖန်တီးပေးတာပါ။
လိုင်နာအရည် (Liquid)
အရည်အမျိုးအစားဖြစ်ပြီး သေးမျှင်တဲ့ လိုင်းဖော်ဆောင်နိုင်ပေမယ့်
ကိုယ်တိုင်ဆွဲရာမှာ အခက်အခဲရှိတက်ပြီး ဆွဲလိုက်တဲ့ အနေအထားကို မကြိုက်လို့ ချက်ချင်းပြန်ဖျက်ဖို့
မလွယ်ပါဘူး။ ဒါ့အပြင် ကိုယ်တိုင်ဆွဲတဲ့အခါမှာ မျက်လုံးကို အောက်ငုံ့ ကြည့်ပြီး လက်တစ်ဖက်နဲ့ မျက်ခွံကို တင်းနေအောင်ဆွဲထားပြီး
ကျန်လက်နဲ့ မျက်ခွံ အရင်းပိုင်း မျက်တောင် နဲ့ ကပ်ရက်နေရာမှာ သေးမျှင်တဲ့ မျဉ်းကို
အပြင်ထောင့်စွန်းအထိဆက်တိုက်ဆွဲသွားပါ။ လိုင်နာအရည်ဟာ ဆွဲထားရင် ကြာရှည်ခံတာကြောင့်
အများအားဖြင့် အလှပညာရှင်တွေက အသုံးများတာဖြစ်ပါတယ်။ လိုင်နာအရည်ကို သေးသွယ်ကောင်းမွန်တဲ့
စုတ်တံ (brush) နဲ့ အသုံးပြုရတာကြောင့် ကြာကြာခံပြီး ကြည့်လိုက်ရင် မျက်လုံးအလှကို
သိသာထင်ရှားစေတာပါ။ ဒီ့အပြင် မျက်လုံးအိမ်ရဲ့ ပုံသဏ္ဍာန်ကို ပိုမိုပေါ်လွင်စေပြီး မျက်လုံးကို
ကျယ်ဝန်းသယောင် ဖြစ်စေတဲ့အတွက် လိုင်နာအရည်ဟာ ပိုသင့်တော်ပါတယ်။ လိမ်းခြယ်ရာမှာလည်း
အပေါ်မျက်ခမ်းမှာသာလိမ်းခြယ်ပါ။ အောက်မျက်ခမ်းမှာ ဘယ်တော့မှ မလိမ်းပါနဲ့၊ ဘာဖြစ်လို့လဲဆိုတော့
သဘာဝမဆန်တဲ့အပြင် နှစ်လိုဖွယ်လည်း မရှိပါဘူး။
လိုင်နာအခဲ (Cake)
စိုထိုင်းထိုင်း စုတ်တံနဲ့ ဖိတို့ပြီး လိမ်းခြယ်အသုံးပြုရတဲ့
လိုင်နာအမျိုးအစားဖြစ်ပါတယ်။ လိုင်နာအရည်လို အကျိုးသက်ရောက်မှု ရှိပေမယ့် လွယ်လွယ်ကူကူနဲ့
ပိုပြီး ထိန်းသိမ်းနိုင်တာတစ်ခုတော့ သာပါတယ်။
ခရင်မ်လိုင်နာ (Crème)
ခရင်မ်လိုင်နာကတော့ အိုးပုံစံဘူးနဲ့ ထည့်ထားတာမျိုးဖြစ်ပြီး
စွတ်စိုတဲ့ စုတ်တံ (brush) နဲ့ အသုံးပြုရပါတယ်။ သူလည်းပဲ လိုင်နာအရည်လို အကျိုးသက်ရောက်မှုရှိစေတာပါ။
မျက်ခွံတစ်ခု လုံးသုတ်လိမ်းဖို့ မလိုဘဲ လိမ်းခြယ်တဲ့အခါမှာလည်း မြန်မြန်ဆန်ဆန် ခြောက်သွေ့စေပြီး
လွယ်လွယ်ကူကူ အသုံးပြုနိုင်ပါတယ်။
ခဲတံလိုင်နာ (Pencil)
လိုင်နာအမျိုးအစားတွေထဲမှာတော့ လိုင်နာအရည်ထက်စာရင် လိုင်နာခံတံကပိုပြီး
သဘာဝဆန်ပါတယ်။ အများဆုံးအသုံးပြုတဲ့အပြင် ခြယ်သရာမှာလည်း အလွယ်ကူဆုံးပစ္စည်းဖြစ်ပါတယ်။
ခဲတံလိုင်နာတွေဟာ မျက်ခမ်းသားကို အသုံးပြုဖို့ အဆင်အပြေဆုံးပါ။ တချို့ ခြောက်သွေ့ပြီး
မာကြောသလို တချို့က ချောမွတ်ပြီး ညက်ညောနေတာကြောင့် ခြယ်သရာမှာ အားစိုက်စရာမလိုပါဘူး။
လိုင်နာအားလုံးထဲမှာ ခံတံလိုင်နာကတော့ အသုံးပြုလို့လွယ်ကူပြီး မှားခဲ့ရင်လည်း ပြန်ပြင်ဖို့လွယ်တဲ့
အတွက် လူကြိုက်အများဆုံးလည်းဖြစ်ပါတယ်။ ခြောက်သွေ့တဲ့ ခဲ့တံလိုင်နာဟာ အရောင်ဖျော့ပြီး
လူတိုင်းနဲ့ လိုက်ဖက်တာ များပါတယ်။ လိုင်နာခဲ့တံတွေဟာ များသောအားဖြင့် ဆီလီကွန်(silicon)ပါဝင်တာကြောင့်
အသုံးပြုတဲ့နေရာမှာ ညက်ညောပြီး ချောမွေ့စေတာပါ။ သုံးရလွယ်တာကြောင့် ကြိုက်နှစ်သက်သူများပါတယ်။
ခရီးထွက်တဲ့ အခါမျိုးမှာတော့ များများစားစား ခြယ်သဖို့ မသင့်ပါဘူး။ လိုင်နာထူထူဆိုးခြင်းဟာ
ရုပ်ရည်ကို ပိုပြီးရင့်ရော်စေပါတယ်။
11:31 AM
Unknown

0 comments :
Post a Comment