ခပ်မှိန်မှိန်ခြယ်သမှု ( Matte)
မှိန်မှိန်ပြေပြေ အရောင်လေး ခြယ်သမှုဟာ အကောင်းဆုံးဖြစ်သလို
ကြည့်ရတာလည်း သဘာဝ ဆန်တဲ့ ဖန်တီးမှုတစ်ခုလို့ ဆိုရပါမယ်။ ဒါ့အပြင် မလင်းမမှိန် အလယ်အလက်
လိမ်းခြယ်မှုအတွက်လည်း အကောင်းဆုံးအပြီးသတ်လိမ်းခြယ်မှုလို့ ဆိုနိုင်ပါတယ်။ ဘာ့ကြောင့်
ဒီလို ပြောရသလဲဆိုရင် သဘာဝဆန်တဲ့ ရုပ်သွင် အနေအထားအတိုင်း ဖြစ်နေလို့ပါပဲ။ များသောအားဖြင့်
အရောင်ထွက်တဲ့ ပစ္စည်းတွေပါဝင်တာကြောင့် ပုံပေါ်အောင် အပြီးသတ် ခြယ်သတဲ့အခါမှာ မျက်လုံးကို
ကြည့်ကောင်းအောင် ပေါ်လွင်ထင်ရှားစေလို့ပဲ ဖြစ်ပါတယ်။
တောက်တောက်ပပခြယ်သမှု (Shimmer)
ဝင်းလက်တောက်ပတဲ့ မျက်ဝန်းလှပစေဖို့ အထူးတလည် လိမ်းခြယ်ထားခြင်းဖြစ်တာကြောင့်
အရောင်ကို သိမ်းသပ်ရာမှာ အသားအရေအတွင်း ထိအောင်ထိုးဖောက်ပြီး မြင်တွေ့နိုင်တာပါ။ တောက်တောက်ပပ
မျက်လုံးရှဲဒိုး ခြယ်သမှုဟာ ပြိုးပြိုးပျက်ပျက်နဲ့ ၀င်းလက်တဲ့အရောင်ဖြစ်ဖို့ ခြယ်သရာမှာလည်း
သိမ်မွေ့ညင်သာပြီး ဆန်းသစ်နေတာပါ။ မျက်လုံးကို ပေါ်လွင်ထင်ရှားစေတဲ့ နည်းလမ်းဖြစ်ပါတယ်။
အရောင်အားကောင်းစေဖို့အရောင်ရင့်တွေကို ကောက်ကြောင်းတွေရဲ့အပေါ်ကပ်ရက်နေရာမှာ ခြယ်သထားတာပါ။
အသက်အရွယ်ကြီးသူတွေရဲ့ အသားအရေအတွက် အပြစ်အနာကင်းစေပါတယ်။ ပေါ်လွင်ထင်ရှားစေတဲ့အခါမျိုးမှာ မျက်ဝန်းတ၀ိုက်ကို
အရောင်ဖျော့ဖျော့နဲ့ ခပ်ပြေပြေလေး အသားပေးခြယ်သပေးရပါတယ်။ ဒီလိုခြယ်သလိုက်ခြင်းကြောင့်
မျက်လုံးကိုပိုပြီး ထင်ရှားသွားစေရုံသာမက ကြည့်ရတာအမြင်ထူးခြားပြီး တစ်မျိုးဆန်းသစ်နေပါတယ်။
အရောင်ရင့်ရင့်နဲ့ တောက်တောက်ပပ ထူပိန်းပိန်း ရှဲဒိုးခြယ်သမှုမျိုးဟာ ပြဇာတ်ကတဲ့သူတွေလို
ခြယ်သတာဖြစ်လို့ နှစ်မြို့ဖွယ်မရှိစေပါဘူး။
ရွှန်းလက်တောက်ပခြယ်သမှု (Frost)
ရွှန်းလဲ့တောက်ပတဲ့ မျက်ဝန်းအလှရရှိဖို့က ရှဲဒိုးအရောင်
တဖျက်ဖျက် တလက်လက်၊ ဒါမှမဟုတ် ငွေရောင် ပြိုးပြိုးပျက်ပျက်လိုဟာမျိုးကို ခြယ်သပေးခြင်း
ဖြစ်ပါတယ်။ ဒီလိုခြယ်သပေးခြင်းဟာ လိမ်းပြီးသားအသားအရေကို ဖုံးအုပ် ဖျောက်ကွယ်ထားခြင်းပါပဲ။
ငယ်ရွယ်သူတွေအတွက် ကြည့်ကောင်းပေမယ့် အသက်အရွယ်ကြီးသူတွေအတွက် သုံးဖို့ မသင့်တော်ပါဘူး။
တောက်ပခြင်းနည်းတဲ့ ခြယ်သမှု ( Satin)
မှေးမှိန်တာနဲ့ တောက်ပလင်းလက်တာရဲ့ကြားက အဆင်အပြေဆုံး ရှဲဒိုးဟာပိုးသားလို
နူးနူးညံ့ညံ့ ဖြစ်နေတဲ့ မလင်းမမှိန် တောက်ပခြင်းကင်းတဲ့ ရှဲဒိုးပဲဖြစ်ပါတယ်။ ခပ်မှိန်မှိန်ခြယ်သမှု
(matte) ထက်တော့ အနည်းငယ်ပိုပြီး တောက်ပပေမယ့် လင်းလက်တောက်ပ ခြယ်သမှု (shimmer)လောက်တော့
တောက်ပတာမျိုး လည်းမဟုတ် ပါဘူး။ အသက်ကြီးသူတွေရဲ့ အသားအရေအပါအ၀င် ဘယ်အသားအရေမျိုးတွေမှာမဆို
အပြီးသတ် ခြယ်သပေးဖို့ ကောင်းမွန်ပါတယ်။
11:53 AM
Unknown

0 comments :
Post a Comment