Friday, January 16, 2015


မျက်တောင်ကော့ဆေး (Mascara)
မျက်တောင်ရဲ့ အလှ ပေါ်လွင်အောင် မျက်တောင်ကော့ဆေး mascara ကို ခြယ်သတော့မယ်ဆိုရင် မျက်တောင်တွေကို ပေါင်ဒါမှုန့် အနည်းငယ် တို့ထားတဲ့ စုတ်တံနဲ့ အရင်ဆုံးဖြီးထားပါ။ သည်လိုလုပ်ခြင်းဟာ masceara ခြယ်တဲ့အခါ ညီညာချောမွေ့စေဖို့ပဲ ဖြစ်ပါတယ်။
မျက်တောင်ကော့ အလှခြယ်သနည်း သုံးမျိုးရှိပါတယ်။

ထူထူလေးဖြစ်အောင် (Thickening)
မျက်တောင်ပါးသူတွေအတွက်  ထူအောင် အထူးထုတ်လုပ်ထားတဲ့ mascara အမျိုးအစား ဖြစ်ပါတယ်။ ဒီအမျိုးအစားမှာ ဆီလီကွန် ( silicon) ထည့်သွင်းထားတာဖြစ်လို့ မျက်တောင်ထူထူလေး လိုချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။ မျက်တောင်တွေကို mascara နဲ့ ခြယ်သတော့မယ်ဆိုရင် အပေါ်မျက်တောင်တွေကို အရင်ဆုံး စပြီး ခြယ်ပေးရမှာဖြစ်ပါတယ်။ အပေါ်မျက်တောင်ကို mascara စပြီး ခြယ်သတဲ့အခါ မျက်လွှာချပြီး လိမ်းခြယ်ပေးရပါမယ်။ mascara လိမ်းခြယ်တဲ့ သုတ်လိမ်းတံ (wand) အဖျားလေးနဲ့ မျက်တောင်အရင်းကနေအဖျားထိအောင် သုတ်လိမ်းပေးပါ။ မျက်တောင် အတွင်းပိုင်းနေရာတွေကို ပါ နှံ့စပ်အောင် အပြင်ဘက်ကို ဦးတည်ပြီး သုတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။ အောက်မျက်တောင်တွေကို ခြယ်တဲ့နေရာမှာလည်း မျက်တောင်အခြေအနေ အဖျားဘက်ကို တစ်ဖက်သတ် သုတ်လိမ်းပေးရပါမယ်။ ဒီလိုသုတ်လိမ်းနေချိန်မှာ မျက်လုံးကို အပေါ်ဘက်ကို ကြည့်ထားပေးရမှာပါ။ အထူးသတိထားရမှာကတော့ ဆေးမခြောက်ခင် ထပ်ထပ်ပြီး မလိမ်းမိစေဖို့ပါပဲ။ ဆေးခြောက်သွားပြီး လိုအပ်မှ နောက်တစ်ထပ် သုတ်လိမ်းပေးသင့်ပါတယ်။ မျက်တောင်လေးတွေကို ပေါ်လွင်စေချင်ရင် ထူထူလေး ဖြစ်နေချင်တယ်ဆိုရင် ဆေးခြောက်သွားမှ အထပ်ထပ်သုတ်လိမ်းဖို့ကို မမေ့ပါနဲ့။ ဒီနေရာမှာ ခပ်ထူထူလေးဖြစ်ဖို့ဆိုရင် အမွေးအမြင်ထူထဲတဲ့ သုတ်လိမ်းတံကို သုံးစွဲရမှာ ဖြစ်ပါတယ်။

ရှည်ရှည်သွယ်သွယ်ဖြစ်အောင် (Lengthening)
သဘာဝနဲ့ ဓာတုဗေဒဆေးပေါင်းစပ်ထားတဲ့ ဒြပ်ပေါင်း (plastic polymer) ပါဝင်တဲ့ အတွက် မျက်တောင်ထိပ်ဖျားလေးတွေမှာ တွယ်ဆက်ပြီး ရှည်ထွက်လာစေတာပါ။
မျက်တောင်အနေအထား တိုသူတွေအတွက် အထူး ထုတ်လုပ်ထားတဲ့ mascara ဖြစ်လို့ မျက်တောင်တွေကို ရှည်ထွက်လာသယောင် ဖန်တီး ပေးနိုင်ပါတယ်။
တနည်းအားဖြင့် ဆိုရရင် polymer ဒြပ်ပေါင်းကို mascara မှာ ထည့်သွင်းထုတ်လုပ်ထားတာကြောင့် မျက်တောင် အခြေမှာ သွားရောက်တွယ်ဆက်လို့ မျက်တောင်ကို ရှည်လာသလို ထင်ရအောင် ပြုပြင်ပေးလိုက်တာပါ။
ဆိုးတဲ့ အခါမှာလည်း မျက်တောင် အကျယ်အတိုင်းပဲ အဆုံးသတ် ဆိုးရပါတယ်။ ပိုပြီး ဆိုးစရာလည်း မလိုသလို လိုနေတာမျိုးလည်း မဖြစ်ပါစေနဲ့။ ဒီလို မပိုမလို ခြယ်သလိုက်ခြင်းအားဖြင့် ညီညာသပ်ရပ်ပြီး မျက်တောင်ရဲ့ အလှ ပေါ်လွင် ကော့ရွှန်းနေမှာ ဖြစ်ပါတယ်။


ပေါ်လွင်ထင်ရှားအောင် (Defining)
မျက်တောင် တစ်ချောင်းချင်းကို သီးခြားပေါ်လွင်စေဖို့ ခြယ်သခြင်း ဖြစ်ပါတယ်။ မျက်တောင်လေးတွေကို ဆေးခြယ်ပြီးလို့် ခြောက်သွားတဲ့အခါ မျက်တောင်တွေ ပူးကပ်မနေဘဲ တစ်ချောင်းချင်းစီ ဖြစ်နေဖို့နဲ့ သဘာဝကျအောင် မျက်တောင်ဖြီးတဲ့ ဘီးကလေးနဲ့ ဖြီးပေးရပါမယ်။ ဒီလို ခြယ်သခြင်းဟာ သူ့ပင်ကို သဘာဝအတိုင်း ဆေးမသုံးဘဲ လှနေတာလို့ စေပါတယ်။
မျက်တောင်ကော့ဆေးတွေဟာ များသောအားဖြင့် ရေစိုခံသော ဖော်စပ်ထားတာဖြစ်ပါတယ်။ ဒါကတော့ မျက်တောင်ကော့ဆေး (mascara) ရဲ့ ပျော့ကွက်ကတော့ ဖယ်ရှား ဖျက်ပစ်ဖို့ ခက်ခဲတဲ့အပြင် ဖျက်တဲ့အခါမှာလည်း နူးညံ့သိမ်မွေ့တဲ့ မျက်တောင်လေးတွေကို ပျက်စီးစေနိုင်ပါတယ်။ ထိခိုက်လွယ်တဲ့ မျက်လုံးပိုင်ရှင် တွေ အနေနဲ့ ရေစိုခံ mascara ကို မသုံးသင့်ပါဘူး။
မျက်တောင်ကော့ရာမှာ အသုံးပြုတဲ့ စုတ်တံ (brush) ဒါမှမဟုတ် သုတ်လိမ်းတံ လေးမျိုး လေးစားရှိပါတယ်။
Mascara အသုံးပြုတဲ့အခါ မျက်တောင်လေးတွေ  ကော့ပျံနေဖို့သုံးတဲ့ ပါးလျပြီး လခြမ်းပုံ သုတ်လိမ်းတံဖြစ်ပါတယ်။
မျက်တောင်တစ်ချောင်း ချင်းစီရဲ့ မျက်တောင်တိုင်းကို ထူထဲအောင်ဆိုးလိုတယ်ဆိုရင် တုတ်ပြီးသွယ်လျတဲ့ ခပ်ကြမ်းကြမ်းသုတ်လိမ်းတံ ကို သုံးရပါမယ်။
ဝက်အူရစ်လို သေးသွယ်ပါးလျပြီး ခပ်တိုတို အမွေးကြမ်းစုတ်တံကတော့ မျက်တောင်အရင်းထိအောင် အပြီးသတ်ဆွဲနိုင်တာပါ။
အဖျားနှစ်ဘက် သွယ် ရှူးပြီး အနည်းငယ်ပိုသေးတဲ့ အမွေးကြမ်းကြမ်း သုတ်လိမ်းတံဟာ အလယ်ပိုင်းက ခပ်ပြည့်ပြည့်လေးဖြစ်နေပါတယ်။ မျက်တောင်တစ်ပင်ချင်းစီနဲ့ ကျိုးတိုးကျဲ တဲဖြစ်နေတဲ့ မျက်တောင်တွေကို ဒီမျက်တောင်ကော့ သုတ်လိမ်းတံ အသုံးပြုလိုက်တာနဲ့ အနည်းငယ်ထူထဲပြီးလှပသွားနိုင်ပါတယ်။
Mascaraလိမ်းခြယ်မယ်ဆိုရင် အကောင်းဆုံးကတော့ တစ်ထပ်တည်းထူထူလိမ်းတာက ပိုပြီးကောင်းမွန်တဲ့အပြင် မျက်လုံးအလှကို ရွှန်းလဲ့ တောက်ပလာစေပါတယ်။

0 comments :

Post a Comment