Friday, January 16, 2015

 
မျက်ဝန်းရှဲဒိုး (Eye Shadow)
မျက်လုံးရဲ့ အလှကို ပေါ်လွင်အောင် ဖြည့်စွတ်ပေးနိုင်တဲ့ မျက်ခွံဆိုးဆေးတွေ (eye shadow) ကို အသွင်လေးမျိုး၊ အနေအထား အဖုံဖုံ ၊ အရွယ်အစားစားနဲ့ တွေ့မြင်နိုင်ပါတယ်။
ပေါင်ဒါရှဲဒိုး (Powder)
မျက်ဝန်းရှဲဒိုးပေါင်ဒါ ခြယ်သရာမှာ ပြေပြေလေး ဖို့တာနဲ့ ဖိပြီးဆွဲလိမ်းတာဆိုပြီးနှစ်မျိုးရှိပါတယ်။ ဒီနည်းနှစ်မျိုးစလုံးဟာ မှိန်တဲ့အရောင်ကနေ တောက်ပ ၀င်းလက်တဲ့ အထိကို ခြယ်မှုန်းလို့ရသလို ခပ်ပြေပြေလေး သဘာဝနဲ့ ကင်းကွာမသွားအောင် ခြယ်မှုန်းလို့လည်းရပါတယ်။ လိမ်းခြယ်တဲ့အခါမှာလည်း လွယ်ကူ၊သုံးစွဲသူတိုင်းရဲ့ အသားအရည်နဲ့လည်း လိုက်ဖက်လို့ ဒီအမျိုးအစားကို လူကြိုက်အများဆုံးဖြစ်ပြီး သုံးစွဲရာမှာလည်း အဆင်ပြေတာ များပါတယ်။ ပေါင်ဒါမှုန့် မျက်လုံးရှဲဒိုးကို လိမ်းခြယ်တဲ့ အခါမှာ စုတ်တံကိုသာ အသုံးပြု ရပါတယ်။ မျက်ခွံရဲ့ ဧရိယာဘယ်လောက်ပဲ ကျယ်ကျယ် အကျယ်ပြန့်ဆုံးနေရာကို ဖုံးအောင် စုတ်တံအသုံးပြုပြီး လိမ်းခြယ်နိုင်ပါတယ်။ အရောင်ခပ်များများ သုံးပြီး လိမ်းခြယ်ရင် အကောင်းဆုံးပါပဲ။ တစ်ထပ်ပြီးတစ်ထပ်အရောင်ရတဲ့အထိ လိမ်းခြယ်လို့ကတော့ လှပတဲ့ မျက်ဝန်းလေး ဖြစ်လာမှာပါ။
ရှဲဒိုးအရည် (Liquid)
ပုလင်းသေးသေးနဲ့ ထုတ်လုပ်ထားပြီး လိမ်းခြယ်ဖို့ ထိပ်က ရေမြှုပ်ပါတဲ့ စုတ်တံ တွဲထားပါတယ်။ ရှဲဒိုးအရည်ဟာ လိမ်းခြယ်ရာမှာ ချောမွေ့ပြီး အလွယ်တကူ မပျက်စေနိုင်ပါဘူး။ ရေမြှုပ်ပါတဲ့ စုတ်တံနဲ့ သုံးရတဲ့အတွက် လွယ်ကူရုံမက တိတိကျကျလည်း လိုသလို ဆွဲလို့ရပါတယ်။ ဒီမျက်လုံးရှဲဒိုးအရည်ကို မျက်လုံးလိုင်နာ(eye liner)အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ရှဲဒိုးအေ၇ာင်တွေ ပါပြီး သားဖြစ်လို့ ခပ်ပြေပြေလေး သုံးရင်ကိုပဲ ကြည့်လို့ လှနေပါပြီ။
ခရင်မ်ရှဲဒိုး (Crème)
ခရင်မ်ရှဲဒိုးကတော့ မှိန်စေလိုရင်ပဲ ဖြစ်ဖြစ်၊ ၀င်းလက်တောက်ပလိုရင်ပဲ ဖြစ်ဖြစ်သုံးနိုင်ပါတယ်။အဆီကိုအခြေခံပြီး ထုတ်လုပ်ထားတာပါ။ အိုးပုံစုံ ဘူးလေးနဲ့ ဖြစ်စေ၊ ဘူးအပြားလေးနဲ့ ဖြစ်စေ၊ သွားတိုက်ဆေးဘူးလို ညှစ်လို့ရတဲ့ပုံစံမျိုးနဲ့ ထည့်သွင်းထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ စုတ်တံ ဒါမှမဟုတ် လက်ဖျားလေးနဲ့ လိမ်းခြယ်နိုင်ပါတယ်။ တချို့ ခရင်မ်တွေဟာ ဖိဆွဲရတာကြောင့် အရေပြားကို တွန့်သွားစေနိုင်တာကိုတော့ အထူးသတိထားရမှာဖြစ်ပါတယ်။ ဘယ်လိုဖြစ်ဖြစ် လိမ်းခြယ်မှုအပြီးမှာတော့ ခရင်မ်ရှဲဒိုးဟာ ဆိုးပြီးတာနဲ့ ခြောက်သွေ့သွားပြီး မျက်နှာပြင်ကို ကတ္တီပါလေးလို ချောမွေ့သွားစေတာပါ။ ခရင်မ်နဲ့ ပေါင်ဒါကိုရောပြီး သုံးစေခြင်းက မျက်လုံးရဲ့ သွင်ပြင်ကို ပေါ်လွင်ထင်ရှားစေပါတယ်။ ပေါင်ဒါလိုပဲ အခြောက်မြန်စေပါတယ်။ အစိုဓါတ်အထူးလိုအပ်နေတဲ့ အသားအရေမျိုး ၊ ခြောက်သွေ့အသားအရေမျိုးတွေအတွက် လိမ်းခြယ်ဖို့ကောင်းတဲ့ အမျိုးအစားလည်း ဖြစ်ပါတယ်။ လိမ်းခြယ်ရတာ လွယ်ကူမှုရှိပြီး ကြာကြာခံအောင် ပေါင်ဒါမှုန့်ရှဲဒိုးကို ထပ်မံလိမ်းခြယ်ပေးမယ်ဆိုရင် တစ်နေ့လုံးလှပနေမှာ မလွဲပါဘူး။
ခဲတံရှဲဒိုး (Pencil)
မျက်ဝန်းတ၀ိုက်မှာ ပုံဖော်ပြီးဆိုးတဲ့နေရာမှာ အသုံးဝင်ပါတယ်။ ထိပ်ဖျားချွန်ထက်နေတာကြောင့် ခြယ်သရာမှာ တိကျမှုရှိပါတယ်။ ခြယ်သမှု ပြီးသွားပြီး ဆိုရင်တော့ စွန်းထင်းနေတဲ့နေရာတွေကို လက်ချောင်းလေးနဲ့ ဖြစ်စေ၊ ရေမြှုပ်အတံလေးနဲ့ ဖြစ်စေ၊ စုတ်တံနဲ့ ဖြစ်စေ လိုအပ်သလို ပြုပြင်ဖန်တီးနိုင်ပါတယ်။ ဖယောင်းကို အခြေခံပြီး ထုတ်လုပ်ထားတာကြောင့် လည်း မျက်ခွံကို ချောမွေ့စေပါတယ်။ ခံတံရှဲဒိုးကို အရောင်အမျိုးမျိုး၊ စုံစုံလင်လင် ရရှိနိုင်အောင် သီးခြားစီ ထုတ်လုပ်ထားတာပါ။ မျက်ခမ်းတစ်လျှောက်မှာ ပုံဖော်ဆိုးနိုင်တဲ့ မျက်လုံးလိုင်နာ (eye liner) အဖြစ်ပါ အသုံးပြု နိုင်ပါတယ်။

0 comments :

Post a Comment